Monday, April 6, 2009

ခင်ပွန်းကြီး ၁၀ ပါး

ခင်ပွန်းကြီး ၁၀ ပါး

အရှင်တိလောကာဘိဝံသ (အင်းစိန်)

ခင်ပွန်ကြီး ၁၀ ပါးဟူသော ဝေါဟာရကို မြန်မာလူမျိုး အတော်များများ ကြားဖူးနေကြသည်။ လူကြီးရော ကလေးပါ နားယဉ်နေကြသည်။ ခင်ပွန်းကြီး ၁၀ ပါး မပြစ်မှားအပ်ကြောင်းလည်း ပြောကြသည်။ အချို့ဆိုလျှင် ခင်ပွန်းကြီး ၁၀ ပါး ပူဇော်ပွဲများပင် အလေ့အထ တစ်ခုအနေဖြင့် ပြုလုပ်ကြသည်။ ခင်ပွန်းကြီး ၁၀ ပါးအကြောင်း ဖွင့်ဆိုရေးသားကြသည်။

မူလဇာစ်မြစ်

ခင်ပွန်းကြီး ၁၀ ပါး၏ မူလဇာစ်မြစ်ကို လေ့လာသောအခါ ဆရာတော် ဦးသြဘာသာဘိဝံသ၏ သုတေသန သရုပ်ပြ အဘိဓာန်၌ တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀ ဟု ကျမ်းညွှန်းလျက် ကျေးဇူး မမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ၁၀ ယောက်ကို သရုပ်အရေအတွက်နှင့်တကွ ဖော်ပြထားသည်။ သုတေသန သရုပ်ပြ အဘိဓာန်၌ ကျမ်းညွှန်းလိုရင်း ဇာ ၂၊ ၁၅၀ ကို ညွှန်းလိုရင်း ဖြစ်သည်။ ဇာတက ပါဠိတော် ၂ အုပ်ရှိသည့်အနက် ဒုတိယအုပ်လာ တေမိယဇာတ်တော်ကို ညွှန်းပြလိုရင်း ဖြစ်သည်။ သို့သော် ဇာတကပါဠိတော် ဒုတိယအုပ် တေမိယဇာတ်တော် သူညွှန်းသည့်နေရာ၌ ခင်ပွန်းကြီ ၁၀ ယောက် တိုက်ရိုက် ပြချက် မရှိပါ။

ရှေးရိုက် ဘုရားရှိခိုး မူမှန်စာအုပ်၌လည်း ကျေးဇူးရှင် ၁၀ ပါးဟူသော ခေါင်းစဉ်ဖြင့်-

“သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွဋ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူးကြီးလှ၊ မိနှင့်ဘတည့်၊ ပြသတတ်သင်၊ ပြုပြင်ဆုံးမ၊ ဟောထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး”

ဟု ဖော်ပြထားသည်။ ဤ၌လည်း မူဂပက္ခ ဇာတ်ဟူသည် တေမိယဇာတ်ပင်တည်း။ လုံးတော်ဆရာတော်၏ ပုစ္ဆာပကိဏ္ဏ္ဏကကျမ်း၊ စာမျက်နှာ ၇၁ ၌ကား

ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။

မာတာ ပိတု ဂရု သတ္ထာ၊ ဒါယကာ ဓမ္မဒေသကာ။

ဤသို့ ကျမ်းလာရကား-

၁။ သဗ္ဗညုတဘုရားသခင်

၂။ ပစ္စေကဗုဒ္ဓါ

၃။ သာဝက ရဟန္တာ

၎။ လက်ျာရံ လက်ဝဲရံ

၅။ အမိ

၆။ အဘ

၇။ ဆရာ

၈။ အဖန်တလဲလဲ မပြတ်ဆုံးမပေးတတ် ဆရာမြတ်

၉။ ပေးကမ်းဖူးသောသူ

၁၀။ တရားဟောပေးသောသူ

ခင်ပွန်းကြီး ၁၀ ပါး သရုပ်ကို ကျမ်းညွန်းမပါဘဲ ဤသို့ ပြဆိုထားသည်။ ဟံသာဝတီ ပိဋကတ် ပုံနှိပ်တိုက် ၁၉၅၆ ခုနှစ် ထုတ် ဘုရားရှိခိုး အမျိုးမျိုး မူဟောင်း စာအုပ်၌-

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကာ။

မာတာ ပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။

ဣမေ ဒသ မဟာဂုဏေ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

ဗုဒ္ဓေါ စ = သစ္စာလေးပါး တရားသိမြင် ဘုရားရှင်လည်းကောင်း၊ ပစ္စေကဗုဒ္ဓေါ စ = ကိုယ်တိုင် သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဓါလည်းကောင်း၊ အရဟာ စ = အာသဝေါ ကုန်ခန်း ရဟန္တာအရှင်လည်းကောင်း၊ အဂ္ဂသာဝကာ စ = လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့လည်းကောင်း၊ မာတာ စ = ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့် မိခင် ကျေးဇူးရှင်လည်းကောင်း၊ ပိတု စ = လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေး သည့် ကျွေးသဖခင် ကျေးဇူးရှင်လည်းကောင်း၊ ဂုရု စ = ချမ်းသာရန်တွေး ပညာပေးသ ဖြင့် အလေးအမြတ် ပြုအပ် သော ဆရာလည်းကောင်း၊ သတ္ထာ စ = လိမ္မာစေကြ ကျိုးကြောင်းပြ လျက် ဆုံးမပေတတ် ဆရာမြတ်လည်းကောင်း၊ ဓမ္မဒေသကာ စ = သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရ အောင် တရားဟောဖော်တတ်သူတို့လည်းကောင်း၊ ဒါယကာ စ စားရေး နေရး မနှောင့်နှေးရအောင် ပေးဆောင်တတ်သူလည်းကောင်း၊ ဣမေ ဒသ မဟာဂုဏေ = ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤ ၁၀ ဦးသောသူတို့ကို၊ အဟံ = အကျွန်ုပ်သည်၊ သဗ္ဗဒါ = နေ့ညဥ့်မပျက် အချင်းခပ်သိမ်း၊ ဝန္ဒာမိ = ကျေးဇူးယှက်မြှေး စိမ့်စိမ့်တွေးလျက် မြတ်လေးကြည်ယုံ သဒ္ဓါဟုန်ဖြင့် လက်စုံချီမိုး ပျပ်ဝပ်လျှိုး၍ ရှိခိုးလိုက်ပါ၏ဘုရား ဟု ဆိုထား၏။

ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ၁၉၈၁ ခုနှစ် ရိုက်နှိပ်သော ဦးညွန်ဇော် စီစဉ်သည့် ဘုရားးရှိခိုး အမျိုးမျိုးစာအုပ်၌လည်း ဖော်ပြပါ ဟံသာဝတီတိုက်ထုတ်အတိုင်းပင် ဖော်ပြသည်။ ဤဘုရား ရှိခိုးစာအုပ်များ လာရှိသည့်အတိုင်း ဒါယကာကို ရှိခိုးခြင်း၌ လူဝတ်ကြောင်များအနေဖြင့် သင့်တော်သော်လည်း ရဟန်းတော်များအနေဖြင့် မသင့်တော်ပါ။ ဤခင်ပွန်းကြီး ၁၀ ပါးနှင့် ပတ်သက်၍ မူလဇာစ်မြစ်ကို လေ့လာသော အခါ တေမိယဇာတ်ကြောင်းပေါ်မှာ မူတည်နေသည်။ တေမိယဇာတ်ပါဠိတော်၌-

ဒသ မိတ္တပူဇဂါထာ နာမ အာရဘိ-ဟု မိန့်ဆိုထားသည်။ ယင်းအဋ္ဌကထာကို နိဿယပြန်ဆိုသော ဆရာတော်က-

ဒသ မိတ္တပူဇဂါထာ နာမ = ၁၀ ပါးသော ခင်ပွန်းတို့အား ပူဇော်ရာသော ဂါထာမည်သည်ကို၊ (တစ်နည်းကား) ဘုရားအစရှိသော တစ်ကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားရာသော ၁၀ ပါးသော ဂါထာမည်သည်ကို၊ အာရဘိ = အားထုတ်၏။ (၁၂၇၁ ခု၊ နတ်တော်လ၌ ပုံနှိပ်ပြီးသော ကဝိမျက်မှန် စာပုံနှိပ်တိုက်ထုတ် တေမိယဇာတ် အဋ္ဌကထာနိဿယ ၁၀၃)၌ မိန့်ဆိုထားခြင်းကြောင့် ခင်ပွန်းကြီး ၁၀ ပါး စတင်ဖြစ်ပေါ်ခဲ့ကြောင်း သတိပြုရမည်။

၁၉၈၅ ခုနှစ်လောက်က ဆရာကြီး ဦးဆန်းထွန်းက နိဿယဆရာ စာစပ်မှာခြင်းကြောင့် ခင်ပွန်ကြီး ၁၀ ပါး ဖြစ်လာပုံ မိန့်ကြားခဲ့ဖူးသည်။ ဆရာကြီး ဦးဆန်းထွန်းဆိုသည့်အတိုင်း ဖြစ်နိုင်ပါသည်။ ဇာတ်အဋ္ဌကထာ နိဿယဆရာသည်ပင် -

ဒသ မိတ္တပူဇဂါထာ နာမ ကို နှစ်နည်း အနက်ပေးရာ ပထမနည်းသည် ဒသနှင့် မိတ္တကို ဆက်စပ်ပြီး ၁၀ ပါးသော ခင်ပွန်းဟု အနက်ပြန်ခြင်း ဖြစ်သည်။

ဒုတိယနည်းသည် ဒသကို မိတ္တနှင့်လည်းကောင်း၊ ဂါထာနှင့်လည်းကောင်း ဆက်စပ်၍-

၁။ တစ်ကျိပ်သော ခင်ပွန်းဟုလည်းကောင်း၊

၂။ ၁၀ ပါးသော ဂါထာဟုလည်းကောင်း အနက်ပြန်ခြင်း ဖြစ်သည်။

နိဿယဆရာသည် ဒသကို မိတ္တနှင့် ဆက်စပ်၍ အနက်ပြန်မှားခြင်းကြောင့် ခင်ပွန်း ၁၀ ပါး ပြည့် အောင် ပြရတော့သည်။ ပြပုံမှာ -

မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ ဟူသော (ဇာ၊ ဋ္ဌ၊ ၆၊ ၁၉) အဋ္ဌကထာပါဌ်ကို မိတ္တာနန္တိ မိတ္တာနံ ဟူသည်ကား၊ ဗုဒ္ဓါဒီနံ = ဘုရားအစရှိကုန်သော၊ ကလျာဏမိတ္တာနံ = အဆွေခင်ပွန်းကောင်းတို့အား၊ န ဒုဗ္ဘတိ = မပြစ်မှား၊ ဗုဒ္ဓါဒီနံ၌ အာဒိသဒ္ဒါဖြင့် ပစ္စေကဗုဒ္ဓါ၊ သာဝက၊ အဂ္ဂသာဝက၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံး ပါး၌ ကြည်ညိုသောသူ၊ ပစ္စည်းဝတ္ထု ပေးကမ်းသောသူ၊ တရားဟောပေးသောသူ၊ ဤသို့ ၉ ယောက်သော ကလျာဏမိတ္တကိုယူ၊ ထို့ကြောင့် အဋ္ဌကထာဆရာတို့သည် -

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ၊ သာဝကာ အဂ္ဂသာဝကာ စ။

မာတာ ပိတု ဂုရု သဒ္ဓါ၊ ပစ္စယဒါယကာ ဓမ္မဒေသနာ။

ဟူ၍ ဆိုတော်မူကုန်၏။

(အဋ္ဌကထာဆရာတို့ဟု ဆိုသော်လည်း မည်သည့် အဋ္ဌကထာဟု မသိရ ဂါထာလည်းမဟုတ်)

ဗုဒ္ဓေါ စ = သဗ္ဗညုဘုရားလည်းကောင်း၊ ပစ္စေကဗုဒ္ဓေါ စ = ပစ္စေကဗုဒ္ဓါလည်းကောင်း၊ သာဝကာ စ = သာဝကလည်းကောင်း၊ အဂ္ဂသာဝကာ စ = လက်ျာရံ, လက်ဝဲရံဖြစ်သော တပည့်သားမြတ် နှစ်ပါးတို့လည်း ကောင်း၊ မာတာ စ = အမိလည်းကောင်း၊ ပိတု စ = အဖလည်းကောင်း၊ ဂုရု စ = အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း၊ သဒ္ဓါ စ = ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သောသူတို့လည်းကောင်း၊ ပစ္စယဒါယကာ စ = ပစ္စည်းဝတ္ထုတို့ကို ပေးပေသောသူတို့လည်းကောင်း၊ ဓမ္မဒေသနာ စ = တရားဟောပေးသောသူလည်းကောင်း၊ ဣတိ = ဤသို့၊ ဒသ = ဆယ်ပါးကုန်သော၊ ကလျာဏမိတ္တာ = အဆွေခင်ပွန်းကောင်းတို့သည်၊ ဟောန္တိ = ဖြစ် ကုန်၏။ (၁၂၇၁ ခု၊ နတ်တော်လ ကဝိမျက်မှန် ပုံနှိပ်တိုက်ထုတ် တေမိယဇာတ် အဋ္ဌကထာနိဿယ ၁၀၅/၆)

ဤဇာတ်အဋ္ဌကထာနိဿယကို အကြောင်းပြု၍ ခင်ပွန်းကြီး ၁၀ ပါးဟု စတင်ပေါ်ပေါက်လာပုံရသည်။ သူ့ထက် ရှေးကျသော အထောက်အထား မတွေ့ရသဖြင့် ဤဇာတ်အဋ္ဌကထာ နိဿယကို အကြောင်းပြု၍ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ မင်းဘူး ဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးဝတ္ထုနှင့် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ၏ တေမိယဇာတ်တော် ဟောစဉ်တရား၌ မိတ္တပူဇာ ၁၀ ဂါထာဟု ဆိုထားသည်။ (ဒသ မိတ္တ ပူဇဂါထာ နာမ-ဟူသော အဋ္ဌကထာစကား၌ ဒသ-ကို မိတ္တနှင့် မတွဲစပ်ဘဲ ဂါထာနှင့် တွဲစပ်၍ ဆိုထားကြောင်း သတိပြုပါ။) သို့သော် မင်းဘူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ် တော်ကြီးဝတ္ထု၌ အမြဲမပြတ် မေတ္တာပွားအပ်သူ အဆွေခင်ပွန်း ၁၀ ယောက်အကြောင်း ဆက်လက် ဖော်ပြ ထားသည်။ ပြပုံမှာ
ဤလောက၌ ချစ်ခြင်းမေတ္တာကို တစ်နေ့မခြား ပွားစေအပ်သောသူကား တစ်ကျိပ်အရေ အတွက် ရှိ၏။ တစ်ကျိပ်ဟူသည်ကား -

၁။ သဗ္ဗညု မြတ်စွာဘုရား

၂။ ပစ္စေကဗုဒ္ဓါ

၃။ ကိလေသာကုန်ပြီးသော ရဟန္တာ

၎။ မြတ်စွာဘုရား၏ လက်ျာရံ လက်ဝဲရံဖြစ်သော အဂ္ဂသာဝက အရှင်မြတ်

၅။ အမိ

၆။ အဖ

၇။ အရွယ်ကြီးခြင်း၊ အမျိုးမြတ်ခြင်း၊ ပညာကြီးခြင်း၊ သီလ သမာဓိရှိခြင်း -အစရှိသော ဂုဏ်တို့ကြောင့် အလေးအမြတ် ပြုအပ်သောသူ

၈။ အကျိုးအကြောင်းကို ဆုံးမသွန်သင် ပဲ့ပြင်ပေးတတ်သောသူ

၉။ ထမင်းအဖျော် အိပ်ရာနေရာ အဝတ်ပုဆိုး စသည် တစ်စုံတစ်ခု ပစ္စည်း အာမိသ ပေးဖူးသောသူ

၁၀။ သူခပ်သိမ်းတို့ကို ကုသိုလ်တရား ပွားများစေခြင်းငှါ တရားဟောပေးသောသူ

ဤသို့အားဖြင့် တစ်ကျိပ်သောသူတို့သည် အဖန်တလဲလဲ မေတ္တာကိုသာ ပွားစေအပ်သောကြောင့် အဆွေခင်ပွန်း မည်ကုန်၏။
ဤသို့ ဆိုထားသည်။

သုတေသန သရုပ်ပြ အဘိဓာန်၌ ပြအပ်သော ခင်ပွန်ကြီး ၁၀ ပါးမှာ

၁။ ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ

၃။ အရဟန္တ

၎။ အဂ္ဂသာဝက

၅။ မာတာ

၆။ ပိတာ

၇။ ဝုဒ္ဓါပစာယန

၈။ အာစရိယ

၉။ ဟိတကရ

၁၀။ ဓမ္မကထိက

(ဦးသြဘာသ၏ သုတေသနသရုပ်ပြ အဘိဓာန် စာမျက်နှာ ၁၇၇)

မှတ်ချက်။ ။ သုတေသနသရုပ်ပြ အဘိဓာန်ဆရာသည် တေမိယဇာတ်ကို ညွှန်းထားသော်လည်း ဇာတ်အဋ္ဌကထာ နိဿယနှင့်လည်း ရေတွက်ပုံ မတူ။ မင်းဘူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော် ကြီးဝတ္ထုလာသည်နှင့် မတူပါ။ ပါဠိတော်၌ကား လုံးဝမရှိပါ။ ယခုထုတ်ပြခဲ့ပြီးသော ကျမ်းဂန်အရပ်ရပ်လာ ခင်ပွန်းကြီး ၁၀ ယောက်တို့ကို နှိုင်းယှဉ်ကြည့်သောအခါ ခင်ပွန်းကြီး ၁၀ ယောက် အရေအတွက်တူသော်လည်း သရုပ်ယူပုံ အနည်းငယ် ကွဲပြားသည်ကို တွေ့ရသည်။

၁။ သဗ္ဗညုဗုဒ္ဓ (မူကွဲ မရှိ)

၂။ ပစ္စေကဗုဒ္ဓ (မူကွဲ မရှိ)

၃။ သာဝက (တေမိယဇာတ် အဋ္ဌကထာ နိဿယ)

ရဟန္တာ (မူ အများ)

သင်္ဃာများ (ဘုရားရှိခိုးမူမှန်)

၎။ အဂ္ဂသာဝက (မူ အများ)

ရဟန္တာ (ဘုရားရှိခိုးမူမှန်)

၅။ အမိ (မူကွဲ မရှိ)

၆။ အဖ (မူကွဲ မရှိ)

၇။ ဂုရု (မူ အများ)

ဝုဒ္ဓါပစာယန (သုတေသန)

၈။ သတ္ထ (မူ အများ)

သဒ္ဓါ ရှိသူ (တေမိယဇာတ်အဋ္ဌကထာ နိဿယ)

၉။ ဒါယကာ (မူ အများ)

သီလစောင့်သူ (ဘုရားရှိခိုးမူမှန်)

ဟိတကရ (သုတေသန)

၁၀။ ဓမ္မဒေသကာ (မူကွဲ မရှိ)

သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အမိ၊ အဖ၊ တရားဟောပြသူ ဤငါးဦး၌ ကွဲပြားမှုမရှိကြ။ အားလုံး အယူအဆ တူသည်။ ဂုရုနှင့် ဂရုကား အတူတူပင် ဖြစ်သည်။ ယင်းအရ - အတတ်သင်ပေးသော ဆရာဟုလည်းကောင်း၊ အလေးအမြတ်ပြုအပ်သူဟုလည်းကောင်း ၂ မျိုး အယူအဆကွဲသည်။ အလေးပြုအပ်သူဟု ဆိုလျှင် ဆရာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အလေးပြုအပ်သူမှန်သမျှ ဂုရု မည်နိုင်သည်။ သတ္ထာ အရလည်း ညွန်ပြ ဆုံးမသူ သာမန်ယူလျှင် ဆရာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သက်ဆိုင်နိုင်သည်။ သဒ္ဓါတရားနှင့် ပြည့်စုံသူ၊ သီလစောင့်သူ၊ ဝုဒ္ဓါပစာယန၊ ဟိတကရ-တို့ကို ခင်ပွန်းကြီထဲ ထည့်သွင်းခြင်းကား အရေအတွက် ပြည့်ရုံလောက်သာ အကျိုးရှိနိုင်သည်။

ခင်ပွန်းကြီး ၁၀ ပါးကို မပြစ်မှားအပ်သူ၊ ကျေးဇူးရှိသူ၊ မေတ္တာပို့အပ်သူအဖြစ် ယူဆမှု အားလုံး တူကြသည်။ ရှိခိုးခံထိုက်သူအဖြစ်ကား ယူဆမှု တူကြမည်မဟုတ်။ ရှိခိုးသူထက် မြင့်မြတ်သော ရှိခိုး ခံထိုက်သူ ခင်ပွန်း ရှိသလို၊ မမြင့်မြတ်သူ ခင်ပွန်းလည်း ရှိနိုင်ပါသည်။ ဥပမာ- ရဟန်းတော်ကား ဒါယကာကို ရှိခိုးမှု မဖြစ် နိုင်ပါ။

တေမိယဇာတ် အဋ္ဌကထာနိဿယကဲ့သို့ ဒသ-ကို မိတ္တနှင့် အစပ်မှား၍ ဒသ + မိတ္တ = ၁၀ ပါးသော ခင်ပွန်းကြီး (၀ါ) ခင်ပွန်းကြီး ဆယ်ပါးဟု ဖြစ်လာရသည်။ ခင်ပွန်းကြီးကို ရတနာ သုံးပါးကဲ့သို့ သုံးပါးလည်း ဖြစ် နိုင်သည်။ အနန္တော အနန္တငါးပါးကဲ့သို့ ငါးပါးလည်း ဖြစ်နိုင်သည်။ ဆယ်ပါး၊ ဆယ်ပါးထက်အလွန် ဖြစ်နိုင်သည်။ ဆယ်ပါး အတိအကျ ဖြစ်ရမည်ဟု ယူခြင်းကား မသင့်ပါ။

၁၃၂၂ ခုနှစ် သုဓမ္မဝတီပုံနှိပ်တိုက်ထုတ် လုံးတော် ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း၊ ပ တွဲ၊ စာမျက်နှာ ၂၈၁ စသည်၌ ခင်ပွန်းကြီး ၁၀ ပါး(သံဂါယနာတင်) ကျမ်းဂန်၌ မလာ။ ပစ္စေက ဗုဒ္ဓေါ စ စသော ဘုရားရှိခိုး ဂါထာကို (နောက်နှောင်းခေတ်) ဆရာကြီးတို့ စီကုံး ရေးသားခဲ့ဟန်ရှိသည်ကိုလည်းကောင်း၊ ဤဂါထာအတိုင်းဆိုလျှင် မဟာသာဝက စသော ခင်ပွန်းများ ကြွင်းကျန်နိုင်သည်ကိုလည်းကောင်း၊ ၁၀ ပါးထက် အပိုအလွန်လည်း ဖြစ်နိုင်ကြောင်းကိုလည်းကောင်း၊ အင်္ဂုတ္တိုရ် သတ္တကနိပါတ် မိတ္တသုတ်ကိုထောက်လျှင် ၆၀ ကျော်ပင် ဖြစ်နိုင်ကြောင်းကိုလည်းကောင်း မိန့်ဆိုထားသည်။
ဤသို့လျှင် ပြဆိုခဲ့ပြီးသော အာဂမယုတ္တိတို့အရ-
၁။ မူဂပက္ခဇာတ် (၀ါ) တေမိယဇာတ်တော်လာ မိတ္တပုဒ်ကို ခင်ပွန်းဟု မြန်မာပြန်ကြခြင်း ဖြစ်သည်။
၂။ ဒသကို မိတ္တနှင့် အစပ်မှားခဲ့ခြင်းကြောင့် ခင်ပွန်းကြီး ၁၀ ပါး ပေါ်ပေါက်လာရသည်။
၃။ ခင်ပွန်းကြီး ၁၀ ပါး အတိအကျ သံဂါယနတင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ တိုက်ရိုက်မရှိ။
၎။ မပြစ်မှားထိုက်သော မိတ္တ-အဆွေခင်ပွန်းဟူသည် ဘုရားအစရှိသော ခင်ပွန်း-ဟု တေမိယဇာတ် အဋ္ဌကထာ၌ လာသည်။
၅။ ဒသ မိတ္တပူဇဂါထာ နာမ-ဟူသော တေမိယဇာတ် အဋ္ဌကထာပါဠိကို ၁၀ ပါးသော ခင်ပွန်းဟု အနက်မပြန်ရ၊ မိတ္တပူဇာ ၁၀ ဂါထာဟုသာ အနက်ပြန်ရမည်။
၆။ ခင်ပွန်းကြီးသည် ၁၀ ပါးလည်း ဖြစ်နိုင်သည်။ ၁၀ ပါးထက်အလွန်လည်း ဖြစ်နိုင်သည်။
ဤကား ခင်ပွန်းကြီး ၁၀ ပါးအကြောင်း သုတေသီတို့ လေ့လာနိုင်ရန်၊ ဝေဖန် ဆန်းစစ်နိုင်ရန် စာရေးသူ လမ်းလှမ်းမှီသမျှ တင်ပြရင် ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်
(ဟင်္သာတမြို့၊ မြစ်ကွေ့ ပရိယတ္တိစာသင်တိုက် ကျောင်းသမိုင်းမော်ကွန်းနှင့် ဂုဏပူဇာသဘင် မှတ်တမ်းစာစောင်၊ စာမျက်နှာ ၈၀၊ ၈၁၊ ၂၄၅၊ ၂၄၆၊ ၂၄၇) (၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ)
(ညောင်ကန်အေး ဦးပရမ၊ မှတ်တမ်းတင်ပါသည်။)

Friday, December 12, 2008

ရွှေတိဂုံ မဟာပဋ္ဌာန်း


ရန်ကုန်မြို့

ရွှေတိဂုံစေတီတော်

မဟာပဋ္ဌာန်း







၁၃၅၇ (သာသနာ ၂၅၃၉) ၁၉၉၆


မဟာပဋ္ဌာန်း ဝတ်ရွတ်စဉ်

(ဆဋ္ဌသံဂါယနာတင်မူတော်)

ပစ္စယုဒ္ဒေသ - ပစ္စယနိဒ္ဒေသ - ပုစ္ဆာဝါရ

မဟာပဋ္ဌာန်းပါဠိတော်


ရွှေတိဂုံ မဟာပဋ္ဌာန်း




ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့
ရွှေတိဂုံစေတီတော်၊ ဒဂုံစာတိုက်၊ ရန်ကုန်မြို့။
၁၃၅၇ (သာသနာ ၂၅၃၉) ၁၉၉၆

စာမူခွင့်ပြုချက်အမှတ် - (၃၇။၉၄) (၅) ကင်း - ၎



ထုတ်ဝေသူ
ဦးဝင်းကြိုင်

ရုံးအဖွဲ့မှူး
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး






ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း
ပုံနှိပ်စက်ရုံ အမှတ် (၂)တွင် ပုံနှိပ်သည်။



ရွှေတိဂုံ - မဟာပဋ္ဌာန်း


ကျမ်းဦးနိဒါန်း



၁။ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် တည်ထားကိုးကွယ် အောင်မြင်ပြီးစီးကြောင်း သမိုင်းစာတမ်းများက မိန့်ဆိုကြပါသည်။ ယခုနှစ်မှစ၍ ပြန်၍ ရေတွက်သော် စေတီတော်မြတ်ကြီး၏ သက်တမ်းတော်သည် ခုနှစ်ပေါင်း ၂၅၈၀ နှစ် ရှိခဲ့လေပြီ။ (ရောက်ဆဲ သာသနာတော်နှစ ၂၅၃၅-နှစ်နှင့် ဝါတော် ၄၅၀-ဝါ (၄၅-နှစ်)တို့ကို ပေါင်းသော် ၂၅၈၀-နှစ် ဖြစ်၏။

၂။ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားရှင်တို့အား ရည်မှန်းပူဇော်သောအားဖြင့် ရှေးအခါက တပေါင်းလတွင် “သဲပုံစေတီပူဇော်ပွဲ”များကို ကျင်းပခဲ့ကြပါသည်။ မူလဝေါဟာရသည် ဗုဒ္ဓပူဇနိယ “ဘုရားပူဇော်ပွဲ” ဖြစ်ပါသည်။ ရာသီသာစွ ငွေရွှင်လဖြစ်သော တပေါင်းလရာသီတွင် ရှေးမြန်မာကြီးတို့သည် နှစ်ပတ်လည် ဘုရားပူဇော်ပွဲများကို ကျင်းပခဲ့ကြပါသည်။ “ဘုရားပူဇော်ပွဲ”ကို အတိုကောက် အလွယ်တကူ ခေါ်ကြရာမှ “ပူဇော်”တစ်လုံး ပျောက်ဆုံးခဲ့ရပြီး “ဘုရားပွဲ” ဖြစ်ခဲ့ရပါသည်။ ဘုရားပူဇော်ပွဲ ဝေါဟာရမှ ဘုရားပွဲ ဝေါဟာရ တွင်ကျယ်လာသောအခါ “ပညတ်သွားရာ ဓာတ်သက်ပါ”ဟူသည့်အတိုင်း ပူဇော်မှုထက် ပျော်ပွဲရွှင်ပွဲ(ပွဲ)တို့ကို ရှေ့တန်းတင်လာခဲ့ကြပါသည်။

၃။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် မြတ်နိုးဖွယ်ကောင်းလှသော မူလရည်ရွယ်ချက်မှ ယိုယွင်းလာသော ဘုရားပွဲတို့ကို မူလရည်ရွယ်ချက်အတိုင်း ဘုရားပူဇော်ပွဲ ဖြစ်လာစေရန် သက္ကရာဇ် ၁၃၃၄-ခုနှစ် (၂၅၆၁-နှစ် မြောက် တပေါင်းလပူဇော်ပွဲ)မှစ၍ “ဗုဒ္ဓပူဇနိယကော်မတီ”ကို ဖွဲ့စည်း၍ “ဘုရားပွဲမှ ဘုရားပူဇော်ပွဲသို့”ဟူသော ဦးတည်ချက်ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။

၎။ ၂၅၆၁-နှစ်မြောက် တပေါင်းလပူဇော်ပွဲ (၁၃၃၄-ခုနှစ်)မှစ၍ ဗုဒ္ဓပူဇနိယကော်မတီသည် “အသံမစဲ မဟာ ပဋ္ဌာန်း ပူဇော်ပွဲကြီး”ဖြင့် ဘုရားပူဇော်ပွဲကို ပြန်လည် သရုပ်ဖော်ခဲ့ပါသည်။ “ဗုဒ္ဓပူဇနိယ”ဟူသော အမည်နာမ အားလျော်စွာ ဗုဒ္ဓမြတ်စွာကို ပူဇော်ရာတွင် မြတ်စွာဘုရား မြတ်နိုးတော်မူသော ဓမ္မပူဇာဖြင့် အားရပါးရ ပူဇော် ကန်တော့လိုပါသောကြောင့် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲ (ဓမ္မပူဇာ အစီအစဉ်)ကို စီစဉ်ရခြင်း ဖြစ်ပါသည်။

၅။ ဓမ္မပူဇာကို ရွေးချယ်ရာတွင် သာသနာတော်သုံးရပ်၏ မူလဘူတသည် ပရိယတ်ဖြစ်၍ ပရိယတ်ခေါ်သော ပိဋကတ်သုံးပုံတို့ ကွယ်သောအခါ မဟာပဋ္ဌာန်းကျမ်းကြီးမှစတင်၍ ကွယ်မည်ဟု ကျမ်းဂန် အဆိုအမိန့်ရှိပါ သောကြောင့် သာသနာတော်၏ မူလဘူတဖြစ်သော မဟာပဋ္ဌာန်းကျမ်းကြီးကို မြန်မာပြည် သာသနာတော်၏ မူလဘူတဖြစ်သော ရွှေတိဂုံစေတီ သိင်္ဂုတ္တရကုန်းတော်မှ စွမ်းအားရှိသလောက် ထိန်းသိမ်းစောင့်ရှောက်ရန် ဟူသော စေတနာဆန္ဒဖြင့် မဟာပဋ္ဌာန်းကျမ်းတော်ကြီးကို ရှေ့တန်းတင် ရွေးချယ်ပူဇော်ကြခြင်း ဖြစ်ပါသည်။

၆။ တာဝတိံသာ နတ်ပြည်တွင် မဟာပဋ္ဌာန်းကျမ်း အပါအ၀င်ဖြစ်သော အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရား ဟောကြားတော်မူရာ၌ “အသံမစဲ” ဟောကြားတော်မူခဲ့ပါသည်။ အသံမစဲ ဟောကြားတော်မူခဲ့သော မြတ်စွာ ဘုရားအား အသံမစဲသော ဓမ္မပူဇာဖြင့် ကျေးဇူးတော် ဆပ်လိုပါသောကြောင့် “အသံမစဲ မဟာပဋ္ဌာန်းပူဇော် ပွဲကြီး”ကို စီစဉ်ရခြင်း ဖြစ်ပါသည်။

၇။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို ကျင်းပရာတွင် ဖွင့်ပွဲအခမ်း အနား၌ သံ-ဂုံ-ပ-မ လေးဆူသော မြတ်ဗုဒ္ဓတို့၏ ၁၀၈-ကွက် စက်လက္ခဏာ ခြေတော်စုံတို့ကို ခိုလှုံ ဝပ်တွား၍ သံဃာတော် ၁၀၈-ပါး၊ သီလရှင် ၁၀၈-ပါး၊ ဥပါသကာ ၁၀၈-ယောက်၊ ဥပါသိကာမ ၁၀၈-ယောက်ဟူသော ဗုဒ္ဓ သာဝက ပရိသတ်လေးပါးတို့က မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို မုခ်ဦးတန်ဆောင်း လေးခုမှ တစ်ပြိုင်တည်း သံပြိုင်ညီညာ ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကြီးကို ဖွင့်တော်မူကြပါသည်။ ထိုမဟာပဋ္ဌာန်း ဖွင့်ပွဲ အခမ်းအနားကြီး၌ ပရိသတ်လေးပါးတို့အား အလွယ်တကူ လှူဒါန်းနိုင်ရန်နှင့် ဓမ္မပူဇာ ရွတ်ဖတ်ပူဇော် လိုသူတို့ အလွယ်တကူ ဓမ္မဒါန ပြုနိုင်ပါစေရန် ဤရွှေတိဂုံ မဟာပဋ္ဌာန်းကျမ်းကို ယခုနှစ်တွင် သီးသန့် စီစဉ် လိုက်ပါသည်။

၈။ ဤရွှေတိဂုံ မဟာပဋ္ဌာန်းကျမ်းတွင် ပစ္စယုဒ္ဒေသ, ပစ္စယနိဒ္ဒေသတို့အပြင် ၂၄-ပစ္စည်းတို့၏ ပုစ္ဆာဝါရ အနုလုံ ပစ္စနိက်တို့ကို အလွယ်တကူ ရွတ်ဖတ် ပူဇော်နိုင်ပါစေရန် မဟာပဋ္ဌာန်းပုစ္ဆာဝါရ နမူနာ ၇-ပိုဒ်ကိုပါ ထည့်သွင်း စီစဉ်လိုက်ပါသည်။ ဤရွှေတိဂုံ မဟာပဋ္ဌာန်းစာအုပ်သည် “မဟာပဋ္ဌာန်း ၀တ်ရွတ်စဉ်” တစ်ခုအဖြစ် စနစ်တကျ တည်ထွန်းရစ်ပါစေရန်ကိုလည်း ရည်သန်ပါသည်။ ထို့ကြောင့် မဟာပဋ္ဌာန်းဝတ်ရွတ်စဉ် အင်္ဂါညီညွတ်ပါစေရန် ကျေးဖူးရှင် လယ်တီဆရာတော်, ဒီပဲရင်းဆရာတော်, ဝိသုဒ္ဓါရုံဆရာတော်တို့နှင့် လယ်တီပဏ္ဍိတ ဆရာဦးမောင် ကြီးစသော စာပေပညာရှင်ကြီးတို့၏ ဂန္ထဝင်စာစဉ်တို့ဖြင့် ရှေ့နောက် တန်ဆာဆင်၍ စီစဉ်ထုတ်ဝေလိုက်ပါသ တည်း။


ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့



မဟာပဋ္ဌာန်းရောင်ခြည်တော်ဖွင့်

ဘုရားပင့်ဂါထာတော်


၁။ နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊ သြဒါတော ဒါတရံသိယော။

၂။ တမှာ တမှာ စ မဉ္ဇိဋ္ဌာ၊ ပဘာသန္တိ ပဘဿရာ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသိ သော၊ ဌာတု မေ ဘဂ၀ါ သိရေ။

ပဋ္ဌာနံ = နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို၊ သမ္မသန္တဿ = အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင် တော်မူသော ဘုရားရှင် ကိုယ်တော်မြတ်၏-

နီလာ = ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ် ဌာနမှ၊ နီလာ = ကြာညိုခွါညို ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်၊ နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ပီတာ စ = သိင်္ဂီရွှေလှော် အရေတော်မှလည်း၊ ပီတာ = မဟာလှေကား ရွှေစံကားနှင့် ရွှေသားရွှေရည် ထိန် ကြည်သစ်လင်း ပပဝင်းကုန်သော၊ ရံသိယော = ဝါရောင်ဝင်းလျှပ် ရွှေသော ရောင်ခြည်တော် ဓာတ်တို့သည်၊ နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လောဟိတာ = အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေတော်ဖ၀ါး လက်ဖ၀ါးစသော ကိုယ်တော် အစိတ် အစိတ်တို့မှ၊ လောဟိတာ = ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်းရှိကုန်သော၊ အာဘာ = နီရောင်ဝင်းလျှပ် နီသောရောင်ခြည်ဓာတ်တို့သည်၊ နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

သြဒါတာ = စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရင်တော်ဓာတ်မှ၊ သြဒါတရံသိယော = စံပယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ဝတ်လဲတော်ဖြူနှင့် ကြာဖြူအသွေးကဲ့သို့ ဖြူဖွေးစင် ကြယ်သော ရောင်ခြည်တော်ဓာတ်တို့သည်၊ နိစ္ဆရန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ် အရောင် ရတနာ နဝရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

၂။ တမှာ တမှာ = အထက်ဆံဖျားတော် တလျှောက်မှ အောက်ခြေဖ၀ါးတော်တခို ထိုထို ထိုထို ကိုယ်တော် အစိတ်အစိတ်မှ၊ မဉ္ဇိဋ္ဌာ စ = ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေဝေ တပြောင်ပြောင် သပြေရောင် အဆင်းကဲ့သို့ ထိန်ဝင်း ညိုမောင်းသော ရောင်ခြည်တော်တို့သည်လည်းကောင်း၊

ပဘဿရာ စ = နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်း လက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည်လည်း ကောင်း၊ ပဘာသန္တိ = နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝရတ် အရောင်တို့ကို ထိပ် ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ဧ၀ံ = ဤရောင်ခြည်တော် ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျုးဖွင့်ဆိုခဲ့သည့်အတိုင်း၊ ဆဗ္ဗဏ္ဏရံသိ = အညိုတစ်ဖြာ အဝါတစ်လီ အနီတစ်ဆူ အဖြူတစ်ကြောင်း အမောင်းတစ်ချက် ပြိုးပြက်ငွါးငွါး ခြောက်ပါးရောင် ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင် ရရှိတော်မူပေထသော၊ ဘဂဝါ = ဘုန်းတော်သရဖူ ဆောင်တော်မူ၍ အောင်သူညွတ် ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော၊ သော = ထိုသုံးလောကညွန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူပေသော ရှင် တော်မြတ်ဘုရားသည်၊ မေ = ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ် သမုတ် အကျွန်ုပ်၏၊ သိရေ =ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ်ပေါ် ၌၊ ဌာတု = ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နား ကိန်းဝပ်တော်မူလှည့်ပါ့ သုံးလောက ကေသျှောင် ရွှေ ဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။ (လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး)


နတ်ပင့်ဂါထာတော်

သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေ၀တာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

သမန္တာ = ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ၊ စက္ကဝါဠေသု = စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌၊ ဒေဝတာ = သမ္မာဒေဝ နတ်ဗြဟ္မာအပေါင်းတို့သည်၊ အတြ = မဟာပဋ္ဌာန်း ပရိတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ရာ ဤဌာနသို့၊ အာဂစ္ဆန္တု = တရားတော်နာ ကြွရောက်တော်မူကြပါကုန်လော့၊ မုနိရာဇဿ = မုနိတို့ ဘုရင် ရှင်တော်မြတ်ဘုရား၏၊ သဂ္ဂမောက္ခဒံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်အကျိုးကို ပေးစွမ်းနိုင်သော၊ သဒ္ဓမ္မံ = သူတော်ကောင်းဓာတ် တရားမြတ်ဖြစ်သော မဟာပဋ္ဌာန်းပရိတ်တရားတော်ကို၊ သုဏန္တု = ရိုသေသဒ္ဓါ ကြည် လင်စွာဖြင့် နာယူတော်မူကြပါကုန်လော့။

ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။ (၃-ခေါက်)
ဘဒ္ဒန္တာ = အို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့၊ အယံ = ကြည်သာရွင်ပျ ဤအခါကာလသည်ကား၊ ဓမ္မဿဝနကာလော = မဟာပဋ္ဌာန်းတရားတော်ကို နာကြားရန် အချိန်ကောင်း အခါကောင်း ဖြစ်ပါသတည်း။


မြတ်စွာဘုရားအား ရှိခိုးကန်တော့ရန်


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


အရဟတော = လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်း ကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်ပေထ သော၊ သမ္မာသမ္ဗုဒ္ဓဿ = ဉေ ယျဓံတရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော် တိုင်သာလျှင် ကောင်းမွန် မှန်ကန်စွာ သိတော်မူပေထသော၊ တဿ ဘဂဝတော = ဣဿရိယ, ဓမ္မ,ယသ, သိရီ,ကာမ, ပယတ္တ,မည်ငြား ဘုန်းတော် ခြောက်ပါးသခင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊ နမော = ဒူး, လက်, နဖူး, ထိငါးဦးဖြင့် ကြည်နူးသဒ္ဓါ ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏ဘုရား။


မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာ


ဘဂဝန်ဘုန်းလှိုင်၊ နှုန်းပြိုင်တုကင်း၊ အဖက်ကွာ၍၊ စကြာမင်းအစစ်၊ ဖြစ်ကြီး ဖြစ်တော်မူသော၊ တဘဝပါရဂူ၊ သယမ္ဘူ ရှင်တော်မြတ်ဘုရားသည်၊ ငါးပါးမာရ်နှင်၊ ပလ္လင်ဘွေထွတ်၊ မြေတမွတ်ဝယ်၊ ရွှေဝတ်လွှာမှုံ၊ ကြာပဒုံသို့၊ အစုံလေးလီ၊ ခိုင်နှင်းဆီကို၊ လှမ်းမီဆွတ်ချွေ၍၊ ကရွတ်ခွေဝဋ်စက်မှ၊ လွတ်ထွက်တော်မူပြီးနောက်၊ သတ္တာသတ္တ၊ န၀တာလီ၊ ကိန်းယာယီဖြင့်၊ ခိုမှီပြောင်းစံတော်မူဆဲအခါ၊ ရတနာဃရ၊ သတ္တာဟဝယ်၊ ဓမ္မနက်ကျယ်၊ သမုဒ် နယ်သို့၊ ဆန်းကြယ်နက်ဝှမ်း၊ ပဋ္ဌာန်းကျမ်းကို၊ ထောက်လှမ်းမြူးကွန့်၊ ရွှေဉာဏ်တော် လွန့်လေသော်၊ ရောင် ညွန့်ရောင်စွယ် ရွှေဘုန်းတော် ခြယ်သောကြောင့်၊ သပ္ပါယ်လို့ ရှုမဆုံး၊ မိုးလုံးတပြင်၊ ဝေဟင်အပြန့်၊ မရပ် တန့်ဘဲ၊ မဆန့်နိုင်တဝေဝေ၊ ညို,ရွှေ,နီ,ဖြူ၊ အဆူဆူ ထွေးယှက်လျက်၊ နီမောင်းရောင်ထွက်၊ လျှပ်စီးတွေလက် သလို၊ ပြိုးပြိုးပြက် တငွါးငွါး၊ ရောင်ခြောက်စုံ ကစားလျက်၊ လောကဓာတ် တိုက်အများကို၊ ဖြန့်လွှား အုပ်ခြုံတော်မူကြလေကုန်သတည်း။ ရောင်ခြည်တော်ဖူးညွန့်၊ ထွေးယှက်လိမ် လူးလွန့်လျက်၊ မြူးကွန့် တော်မူစေရန်၊ အကြောင်းရင်း သမုဋ္ဌာန်၊ ဧကန်ဧက၊ ပဋ္ဌာနဟု၊ နယထူးဆန်း၊ မြတ်ပဋ္ဌာန်းကို၊ ရွှင်လန်းသော ဉာဏ်ကသိုဏ်း၊ သမာဓိ ဖန်တံတိုင်းဖြင့်၊ ဌာန်ကရိုဏ်း ပီသစွာ စေတနာ ထွတ်အမြတ်ဖြင့်၊ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြပါကုန်လော့။ (လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး)

ပဋ္ဌာန်းပါဠိတော်


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


ပစ္စယုဒ္ဒေသ ပါဠိ


၁။ ဟေတုပစ္စယော
၂။ အာရမ္မဏပစ္စယော
၃။ အဓိပတိပစ္စယော
၎။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁ဝ။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေဝနပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ဝိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂ဝ။ ဝိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ဝိဂတပစ္စယော
၂၄။ အဝိဂတပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။


ပစ္စယနိဒ္ဒေသပါဠိ


၁-ဟေတုပစ္စယ

ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။


၂-အာရမ္မဏပစ္စယ

အာရမ္မဏပစ္စယောတိ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။


၃-အဓိပတိပစ္စယ

အဓိပတိပစ္စယောတိ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ ပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

၎- အနန္တရပစ္စယ

အနန္တရပစ္စယောတိ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။


၅- သမနန္တရပစ္စယ

သမနန္တရပစ္စယောတိ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပာယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။


၆-သဟဇာတပစ္စယ

သဟဇာတပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဥ္စိ ကာလေ သဟဇာတပစ္စယေန ပစ္စယော၊ ကိဥ္စိ ကာလေ န
သဟဇာတပစ္စယေန ပစ္စယော။


၇-အညမညပစ္စယ

အညမညပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။


၈-နိဿယပစ္စယ

နိဿယပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။


၉-ဥပနိဿယပစ္စယ

ဥပနိဿယပစ္စယောတိ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
သေနသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။


၁ဝ-ပုရေဇာတပစ္စယ

ပုရေဇာတပစ္စယောတိ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မနံ ပုရေဇာတပစ္စယေန ပစ္စယော။ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိ ကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။


၁၁-ပစ္ဆာဇာတပစ္စယ

ပစ္ဆာဇာတပစ္စယောတိ ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။


၁၂-အာသေဝနပစ္စယ

အာသေဝနပစ္စယောတိ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။


၁၃-ကမ္မပစ္စယ

ကမ္မပစ္စယောတိ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။


၁၄-ဝိပါကပစ္စယ

ဝိပါကပစ္စယောတိ ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။


၁၅-အာဟာရပစ္စယ

အာဟာရပစ္စယောတိ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။


၁၆-ဣန္ဒြိယပစ္စယ

ဣန္ဒြိယပစ္စယောတိ စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဇိဝိန္ဒြိယံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော
အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။


၁၇-ဈာနပစ္စယ

ဈာနပစ္စယောတိ ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။


၁၈-မဂ္ဂပစ္စယ

မဂ္ဂပစ္စယောတိ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။


၁၉-သမ္ပယုတ္တပစ္စယ

သမ္ပယုတ္တပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။


၂ဝ-ဝိပ္ပယုတ္တပစ္စယ

ဝိပ္ပယုတ္တပစ္စယောတိ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။


၂၁-အတ္ထိပစ္စယ

အတ္ထိပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယ္တု္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။


၂၂-နတ္ထိပစ္စယ

နတ္ထိပစ္စယောတိ သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။


၂၃-ဝိဂတပစ္စယ

ဝိဂတပစ္စယောတိ သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။


၂၄-အဝိဂတပစ္စယ

အဝိဂတပစ္စယောတိ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။ စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။



ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး၏
ပစ္စယုဒ္ဒေသ နိဿယ (လင်္ကာအနက်)
၁။ ဟေတုပစ္စယော = ရေသောက်မြစ်လျှင်, ယင်းသစ်ပင်ကို, စိမ်းရွှင်ညွန့်ဝေ, စည်ပင်စေထ, ထောက်ပံ့မသို့, သဟဇာတံ, ရုပ်နှင်နာမ်ကို, သန္ဓေပဝတ်, မလွတ်စေရ, သဘာဂတာ, ဆယ့်နှစ်ဖြာတွင်, ကောင်းစွာခိုင်ကြည်, တည်သည်၏အဖြစ်ကို ပြီးစေတတ်သော ဟေတုသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဟိတ်ခြောက်ပါး ပစ္စည်းတရားပါတကား။
၂။ အာရမ္မဏပစ္စယော = တောင်ဝှေး ကြိုးတန်း, သူမစွမ်းကို, မပန်းရလေ, ထိုင်ထစေသို့, စိတ်စေလေးတန်, နာမက္ခန်ကို, ဖြစ်ဟန်တူစွာ, ရှစ်သဘာတွင်, ဆွဲထောက်ရာ အာရုံ၏ အဖြစ်တည်းဟူသော အာရမ္မဏသတ္တိ ထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အာရုံခြောက်ပါး ပစ္စည်းတရားပါတကား။
၃။ အဓိပတိပစ္စယော = စကြာဘုန်းငူ, များဗိုလ်လူကို, ပြိုင်သူမရှိ, အုပ်စိုးဘိသို့, ဟသိ မောဟ, ကြဉ်ပသည့် ဇော, လောဘမူလ, အဋ္ဌ ပုညာ, ကြိယာသမ္ပယုတ်, လောကုတ်ရှစ်အား, ဆယ့်ခြောက်ပါးတွင်, ကြီးမားလွှမ်းမိုး, အစိုးရခြင်းဟူ သော အဓိပတိသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသာဟူသော သဟဇာတာဓိပတိ လေးပါး, ဒုက္ခသဟ, မောဟကြည်စိတ်, ဣဋ္ဌနိပ္ဖန်, နိဗ္ဗာန်ဟူသော အာရမ္မဏာဓိပတိ ခြောက်ပါး ပစ္စည်းတရားပါတကား။
၎။ အနန္တရပစ္စယော = ပျော်စံနတ်ရွာ, စကြာမင်းဖျား, သားကြီးအားသို့, အခြားမဲ့နေ, စိတ်နှင့်စေကို, မကွေ တူစွာ, ခုနစ်ဖြာတွင်, သမာနဇာတ်, ခြားမပြတ်ဘဲ, ဖြစ်စေတတ်သော အနန္တရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော နာမက္ခန္ဓာလေးပါး အနန္တရပစ္စည်းတရားပါတကား။
၅။ သမနန္တရပစ္စယော = စည်းစိမ်မမက်, တောကြီးထွက်သည့်, စက္ကဝတ်မင်းဖျား, သားကြီးအားသို့, အခြားမဲ့ နေ, စိတ်နှင့်စေကို, မကေ၊ွပြိုင်ဘက်, ခုနစ်ချက်တွင်, အောက်ထက်ယာဝဲ, ဝေခွဲမရှိ, မိမိတမူ, တူသည့်အဖြစ်, ဆောင်လစ်ပမာ, ကောင်းမွန်စွာလျှင်, သမာနဇာတ်, ခြားမပြတ်ဘဲ, ဖြစ်စေတတ်သော သမနန္တရ သတ္တိထူးဖြင့် ကျေးဇူပြုခြင်း လက္ခဏာရှိ သော ရှေးရှေးနာမ်ခန္ဓာ ၄-ပါး သမနန္တရပစ္စည်း တရားပါတကား။
၆။ သဟဇာတပစ္စယော = အလင်းဖြစ်မှု, ဆီမီးပြုသည့်, တန္တုပမာ, သဟဇာတ, နာမနှင့်ရုပ်, ဘူတုပ္ပပါဒါ, သန္ဓေခါလည်း, ဝိပါဝတ္ထု, ယင်းခြောက်ခုအား, တူငြားအတ္ထ, သဘာဂတွင်, တကွမကွေ, ဖြစ်စေခြင်းဟူသော, သဟဇာတ သတ္တိထူးဖြင့်, ကျေးဇူးပြုခြင်း, လက္ခဏာရှိသော, နာမ်မဟာဘု, ဝတ္ထုပါက, သဟဇာတခြောက်ပါး ပစ္စည်းတရားပါတကား။
၇။ အညမညပစ္စယော = သစ်သားသုံးခွ, ချင်းချင်းမသို့, ဥပကာရာ, ထောက်ပံ့လာသော, နာမ်မဟာဘု, ဝတ္ထု နာမ်အား, တူရှစ်ပါးတွင်, ထောက်ထားလှန်ပင်, အချင်းချင်းဟူသော, အညမညသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်မဟာဘု, ဝတ္ထုပါက, အညမညသုံးပါး, ပစ္စည်းတရားပါတကား။
၈။ နိဿယပစ္စယော = သစ်ပင်အားမြေ, ထောက်ပံပေသို့, နှစ်ထွေရုပ်နာမ်, သဟဇံအားလည်းကောင်း, စိတ္တဇကမ္မ, ပဋိပုံဟန်, သတ်ဝိညာဏ်အားလည်းကောင်း, တူမှန်သဘာ, ဆယ့်သုံးဖြာတွင်, တည်ရာမှီရာဟူ သော အဓိဋ္ဌာနာကာရ, နိဿယာကာရ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော နာမ်မဟာဘု, ဝတ္ထုပါက ဟူသော သဟဇာတနိဿယခြောက်ပါး, ပဝတ္တိအစု, ဆဝတ္ထုဟူသော ပုရေဇာတနိဿယခြောက်ပါး ပစ္စည်း တရားပါတကား။
၉။ ဥပနိဿယပစ္စယော = မိုးနှင့်မကင်း, စုံခပင်းကို, မိုးတွင်းခြိမ့်အုံး, ထစ်ချုန်းမြည်ကြိုး, ရွာသည့်မိုးသို့, သုံးမျိုးပြားလတ်, စိတ္တုပ္ပါဒ်အား, ဆယ့်လေါးးတွင်, အားကြီးသောမှီရာအကြောင်း၏, အဖြစ်တည်းဟူသော ဥပနိဿယ သတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာရှိသော ဒုက္ခသဟ, မောဟ“ကြဉ်စိတ်, ဣဋ္ဌနိပ္ဖန်, နိဗ္ဗာန် ဟူသော အာရမ္မဏူပနိဿယ, ရှေးရှေးသော နာမက္ခန္ဓာဟူသော အနန္တရူပနိဿယ, ဗလဝရုပ်, စိတ္တုပ်ပညတ် ဟူသော ပကတူပနိဿယ သုံးပါး ပစ္စည်းတရားပါတကား။
၁၀။ ပုရေဇာတပစ္စယော = အလင်းမှီနေ, များဗိုလ်ခြေကို, ကပ္ပေစစွာ, ပေါ်လာထွန်းပ, နေနှင့်လသို့, နောက် မှဖြစ်လေ, စိတ်နှင်စေအား, တူကိုးပါးတွင်, ရှေးဖျားဖြစ်၍, ပစ္စုပ္ပန္နေ, ပုရေဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆဝတ္ထုဟူသော ပုရေဇာတ, နိပ္ဖန္နရုပ်ဟူသော အာရမ္မဏပုရေဇာတ ၂-ပါး ပစ္စည်းတရားပါ တကား။
၁၁။ ပစ္ဆာဇာတပစ္စယော = ဂိဇ္ဈပေါတက, သရီရအား, အာဟာရဝယ်, တာတွယ်အာသာ, စေတနာသို့, ပုရေ ဇာတ, ရုပ်ဓမ္မအား, မျိုးလေးပါးတွင်, နောက်ပါး၌ဖြစ်သဖြင့်, ထောက်ပံ့ခိုင်မာ, ပစ္ဆာဇာတသတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာရှိသော နောက်နောက် ပဉ္စဝေါကာ, နာမ်ခန္ဓာလေးပါး ပစ္စည်းတရားပါတကား။
၁၂။ အာသေဝနပစ္စယော = နောက်နောက်မွန်လေး, သာလွန်မွှေးအောင်, ရှေးရှေးထုံထား, နံ့သာလားသို့, မခြားမပြတ်, မျိုး၊ဇာတ်တူစွာ, ကုသလာကုသလ, ကြိယသဘော, နောက်နောက်ဇာအား, ဆူခြောက်ပါးတွင်, ခွန်အားဟုန်ပြင်း, ယူစေလျှင်း၍, ထုံခြင်းဟူသော, အာသေဝနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော လောကီဇော သတ္တစတ္တာလီသ, အာသေဝနသုံးပါး ပစ္စည်းတရားပါတကား။
၁၃။ ကမ္မပစ္စယော = သစ်ပင်တို့အား, မျိုးစေ့လားသို့, ကြွင်းငြားတူလတ်, သဟဇာတ်နှင့်, ကဋတ္တာဝိပါက်, ဤ ရှစ်ချက်အား, တစ်ဆယ့်ငါးတွင်, အားကပါးထုတ်ထ, လုံ့လသည်စွာ, အမူအရာဟူသော, ကမ္မသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိ သော သဟဇာတ် စေတနာဟူသော သဟဇာတကမ္မ, အတိတ်ကုသိုလ် အကုသိုလ် စေတနာဟူသော နာနာက္ခဏိက ကမ္မနှစ်ပါး ပစ္စည်းတရားပါတကား။
၁၄။ ဝိပါကပစ္စယော = ချမ်းရိပ်နားနေ, သွန်းလေပြေသို့, မကွေဖြစ်လတ်, သဟဇာတအား, မျိုးရှစ်ပါးတွင်, အင်အားချိပန်း, ငြိမ်းချမ်းစေလျက်, ငြိမ်သက်ခြင်းဟူသော, ဝိပါကသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော ဝိပါက်နာမက္ခန္ဓာဟူသော ပစ္စည်းတရားပါတကား။
၁၅။ အာဟာရပစ္စယော = မယိမ်းမယိုင်, ခိုင်စေသောအား, ထောက်သည့်ကျားသို့, နှစ်ပါးသဟဇံ, ရုပ်နှင့်နာမ် အားလည်းကောင်း, လေးတန်သန္တတိ သမုဋ္ဌာနိက, ရုပ်အားလည်းကောင်း, ယထာက္ကမ, ဒွါဒသမျိုးတူတွင်, ဆောင်ယူထောက်ပံ့ခြင်း ဟူသော အာဟာရသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော, ဖဿ, စေတနာ, ဝိညာဉ်ဟူသော နာမ်အာဟာရသုံးပါး အဇ္ဈတ် ဗဟိ, စတုသမုဋ္ဌာနိက သြဇာဟူသော ရုပ်အာဟာရပစ္စည်းတရား ပါတကား။
၁၆။ ဣန္ဒြိယပစ္စယော = တပြည်တွင်း၌, ချင်းချင်းမဟန့်, သီးမသန့်ဘဲ, ခွဲခန့်ပိုင်စား, မင်းအများသို့, သုံးပါးပြား လတ်, သဟဇာတ်နှင့်, ဓာတ်ပဉ္စ၀ိညာဏ, ကမ္မဇရုပ်အား, တူဆယ့်ငါးတွင်, အခြားမသွေ, မိမိသို့ လိုက်စေ ခြင်း ဟူသော ဣန္ဒြိယ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိပါက်နာမ်ဣနြေ္ဒတရားကို ရှစ်ပါးဟူသော သဟဇာတိန္ဒြိယ, မဇ္ဈိမာယုက, ပသာဒရုပ် ငါးခုဟူသော ပုရေဇာတိန္ဒြိယ, ဇီဝိတရုပ်ဟူသော ရူပဇီဝိတိန္ဒြိယ သုံးပါး ပစ္စည်းတရားပါတကား။
၁၇။ ဈာနပစ္စယော = သစ်ပင်တောင်ငု, တက်သသူသည်, အောက်လူတို့အား, ပြောသည့်လားသို့, နှစ်ပါးရုပ် နာမ်, သဟဇံအား, ဆယ့်တစ်ပါးတွင်, ထင်ရှားတပ်တပ်, ကပ်၍ရှုခြင်းဟူသော အာရမ္မဏူပနိဇ္ဈာန, လက္ခဏူပ နိဇ္ဈာနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပဉ္စဝိဉ်ကြဉ်, စိတ်မှယှဉ်သည့်, ဈင်နင်ခုနစ်ပါး ပစ္စည်း တရားပါတကား။
၁၈။ မဂ္ဂနပစ္စယော = ထိုဤမှာသို့, ဆောင်ယူပို့သည့်, ကူးတို့မသွေ, သဟေတုကတ်, သဟဇာတ်အား, ဆယ့် သုံးပါတွင်, ဖြူစင်မဲ(မည်း)ညစ်, ဤအဖြစ်မှ, ပြန်လစ်ဆူလှယ်, ထုတ်ဆယ်ဆောင်ယူ, ထွက်မြောက်ကြောင်း ဟူသော မဂ္ဂသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟိတ်မှာယှဉ်, မဂ္ဂင်ဆယ့်နှစ်ပါး ပစ္စည်းတရားပါ တကား။
၁၉။ သမ္ပယုတ္တပစ္စယော = စတုမဓူ, ရောသည့်တူသို့, လေးဆူနာမ်အား, ခုနစ်ပါးတွင်, လေးပါးအင်္ဂါ, မကွာ ချင်းချင်း,ယှဉ်ကြခြင်းဟူသော သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော နာမ်ခန္ဓာလေးပါး သမ္ပယုတ္တပစ္စည်းတရားပါတကား။
၂၀။ ဝိပ္ပယုတ္တပစ္စယော = ခြောက်ထွေရသာ, ပေါင်းရောပါသို့, သဟဇာရု, ဝတ္ထုသန္ဓေ, အစထွေသား, သုံး မျိုးအားကို, တူငြားသဘာ, ဆယ့်သုံးဖြာတွင်, နာနဘာဝ, မယှဉ်ကြဟူသော ဝိပ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြု ခြင်း လက္ခဏာရှိသော ပဉ္စဝေါကာ, ရူပသမုဋ္ဌာနိက စိတ်စေ, သန္ဓေဟဒယ စသော သဟဇာတ၀ိပ္ပယုတ်, ပုရေ ဇာတဝိပ္ပယုတ်, ပစ္ဆာဇာတဝိပ္ပယုတ် သုံးပါး ပစ္စည်းတရားပါတကား။
၂၁။ အတ္ထိပစ္စယော = မြေမြင့်မိုရ်သည်, ထိုထိုစိမ်းရွှင်, မြက်သစ်ပင်အား, ထင်ရှားရှိနေ, ထောက်ပံ့ပေသို့, တွက်ရေကုံထံ, ရုပ်နှင့်နာမ်အား, ဆယ့်သုံးပါးတွင်, ထင်ရှားရှိခိုက်, အထိုက်လျော်ထ, ဥပတ္ထမ္ဘကသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, အာဟာရတ္ထိ, ဣန္ဒြိယတ္ထိ ငါးပါး ပစ္စည်းတရားပါတကား။
၂၂။ နတ္ထိပစ္စယော = မိုက်မှောင်ဖြစ်စေ, ငြိမ်းသေလေပြီး, ဆီမီးပုံသွေး, ဖြစ်ခွင့်ပေး၍, ကျေးဇူးပြုခြင်း လက္ခဏာရှိသော နတ္ထိ ပစ္စည်းတရားပါတကား။
၂၃။ ဝိဂတပစ္စယော = နေရောင်ပျောက်ကင်း, လရောင်လင်းသို့, ချုပ်ကင်းသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိဂတ ပစ္စည်းတရားပါတကား။
၂၄။ အဝိဂတပစ္စယော = ငါးတို့ပျော်ရာ, မဟာသမုဒ်, ရေအစုပ်သို့, မချုပ်တင်းလင်း, မကင်းသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အဝိဂတ ပစ္စည်းတရားပါတကား။
ဣတိ = ဤသို့၊ စတုဝီသတိ ပစ္စယာ = နှစ်ဆယ့်လေးပါး အကြောင်းတရားတို့သည်၊ မဟာပကရဏေ = အနန္တ နယ သမန္တပဋ္ဌာန်း စာတော်ကျမ်း၌၊ ဌိတာ = ထင်ရှားမူသေ တည်ရှိကြပေကုန်၏။


မဟာပဋ္ဌာန်း - ပုစ္ဆာဝါရ ပါဠိတော်


၁-ကုသလပဒ

၂၅။ သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလံ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလံ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလံ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။

၂-အကုသလပဒ

၂၆။ သိယာ အကုသလံ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ အကုသလံ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ အကုသလံ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ အကုသလံ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အကုသလံ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အကုသလံ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အကုသလံ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။

၃-အဗျာကတပဒ

၂၇။ သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပေဇ္ဇယျ ဟေတုပစ္စယာ။
သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အဗျာကတံ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။

၎-ကုသလာဗျာကတပဒ

၂၈။ သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။

၅-အကုသလာဗျာကတပဒ

၂၉။ သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။

၆။ ကုသလာကုသလပဒ

၃၀။ သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။


၇။ ကုသလာကုသလာဗျာကတပဒ

၂၈။ သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အကုသလော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အဗျာကတော ဓမ္မော ဥပ္ပဇ္ဇေယျ ဟေတုပစ္စယာ။

သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။
သိယာ ကုသလဉ္စ အကုသလဉ္စ အဗျာကတဉ္စ ဓမ္မံ ပဋိစ္စ ကုသလော စ အကုသလော စ အဗျာကတော စ ဓမ္မာ ဥပ္ပဇ္ဇေယျုံ ဟေတုပစ္စယာ။


ဟေတုပစ္စယဝါရော။

မှတ်ချက်။ ။ ဟေတုပစ္စည်း၌ အထက်ပါအတိုင်း ၇-ပိုဒ် ရွတ်ဖတ်သကဲ့သို့ အာရမ္မဏပစ္စည်း စသော ကျန်သော ၂၃-ပစ္စည်းတို့၌လည်း ၇-ပိုဒ်စီ ရွတ်ဖတ်ပါ။ အဆုံးသတ်ဖြစ်သော (ဟေတုပစ္စယာ) နေရာ၌ (အာရမ္မဏပစ္စယာ) – (အဓိပတိပစ္စယာ)စသည် ပြောင်းဆိုရုံမျှသာ ထူးပါသည်။ ပဋ္ဌာန်း ၁-ပစ္စည်း၌ ၇-ပိုဒ် ထွက်ပါသဖြင့် ၂၄-ပစ္စည်း၌ အပိုဒ်ပေါင်း ၁၆၈-ပိုဒ် ထွက်လာပါမည်။ (၂၄-ပစ္စည်း အနုလုံ ၁၆၈-ပိုဒ် ဖြစ်ပါသည်။

၂၄-ပစ္စည်း ပစ္စနိက်၌လည်း ၁၆၈-ပိုဒ်ပင် ထွက်ပါသည်။ အနုလုံ ၁၆၈-ပိုဒ်တို့ အဆုံးသတ်ဖြစ်သော (ဟေတု ပစ္စယာ)စသော ၂၄-ပစ္စည်းတို့၌ (န) တစ်လုံးတိုး၍ (န ဟေတုပစ္စယာ၊ န အာရမ္မဏပစ္စယာ)စသည်ဖြင့် ပြောင်း ဆိုရုံမျှသာ ထူးပါသည်။ ကျန်သော ပါဠိတော်များ ပြောင်းလဲမှု မရှိပါ။ အနုလုံ ၁၆၈၊ ပစ္စနိက် ၁၆၈၊ နှစ်ရပ်ပေါင်း ၃၃၆-ပိုဒ်တို့ကို ကြည်ညိုသဒ္ဓါ ရွတ်ဖတ် ပူဇော်တော်မူကြပါရန် တိုက်တွန်းပါ၏။

(နမူနာမျှသာ ဖြစ်ပါသည်၊ နည်းကိုသိပါက ပဋ္ဌာန်း ပုစ္ဆာဝါရသည် တသက်လုံး ရွတ်မကုန်အောင် များပြားကျယ်ဝန်းပါ၏၊ ပညာရှင်များထံ၌ နည်းခံ၍ ရွတ်အံ သရဇ္ဈာယ်နိုင်ကြပါစေ။



လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး၏

ရောင်ခြည်တော်ခြောက်သွယ်ဖွင့်


ရှစ်လုံးဖွဲ့ကဗျာများ



၁။ ဘုန်းတော်အောင်ပန်း - ညောင်နန်းမဏ္ဍိုင်၊
ပလ္လင်ဘူမိ - ဗောဓိခရိုင်၊
ပြိုင်ဆိုင်ရန်လှေး - မာရ်သေးခုတ်ချိုင်၊
သစ္စာပန်း - ဆင်မြန်းရွှေလက်ကိုင်။


၂။ ရေမြေဘ၀ဂ် - ပျံတက်ဆူဝေ၊
နတ်လူညွတ်ဦး - ထွတ်ဖူးပရမေ၊
သတ္တာသတ္တ - ပြောင်းကြွကွန့်ချွေ၊
ရွှေအိမ်နန်း - စံမြန် ခါတဲ့လေ။


၃။ ဟေတူ ဟေတု - မြေထုလှိုင်ခုန်၊
ရွှေဉာဏ်တော်စွမ်း - ပဋ္ဌာန်အစုံ၊
ဆင်ခြင်တုံဘိ - ပဋိ နုလုံ၊
ကိုယ်တော်ကြီး - ရေမီး ၀ိုက်သန်းခြုံ။

(၁) နီလရောင်ခြည်တော်ဖွဲ့

၎။ ဆံကေမြကုံး - မျက်လုံးမျက်တောင်၊
မုတ်ဆိတ်တော်များ - မြသားအရောင်၊
အစိတ်စိတ်မှ - ဖိတ်ဖိတ်ညိုမှောင်၊
ထိန်ထိန်လျှမ်း - တိမ်ပန်း အာကာဘောင်။


၅။ မြရောင်ပြီသ - နီလခေါ်ဆို၊
စိမ်းပြာမှောင်ခဲ - အောင်မဲအညို၊
ထွက်ကွန့်မြူးတော့ - ကြည်နူးဖွယ်ကို၊
နီလာယပ် - လွှဲခတ်နေသလို။


၆။ ကြာညိုလှိုင်တုန်း - မြိုင်လုံးပွင့်ဟန်၊
တိမ်ညိုပုဆိုး - ဖြန့်မိုးပြတာန်၊
ဥဒေါင်းလည်ရေး - မြသွေးသဏ္ဍာန်၊
တခွင်လုံး - ရွှင်ပြုံး မြရေကန်။

(၂) ပီတရောင်ခြည်တော်ဖွဲ့

၇။ အရေတော်ပါး - ရွှေသားသိင်္ဂီ၊
ဝါလျှံထိန်ဝင်း - ကိုယ်တွင်းအဆီ၊
ကြည်ကြည်ပလုံ့ - ပီတရံသီ၊
တလက်လက် - ပေါ်ထွက်ပြန်ကြပြီ။


၈။ နေရောင်ထိုးယှက် - ပြိုးပြက်ရွှေတောင်၊
ရွှေရည်ရွှေမိုး - စွေဖြိုးသယောင်၊
ရွှေပြတာန်မိုး - ပြိုးပြိုး ပြောင်ပြောင်၊
လွှဲလွှဲခတ် - ရွှေယပ် ရာသောင်းထောင်။


၉။ မဟာလှေကား - စံကားရွှေနွယ်၊
ရွှေရောင်ဓာတ်သန်း -လျှပ်ပန်းသဖွယ်၊
ရှုမခန်းပ - ဆန်းဆန်းကြယ်ကြယ်၊
တိုက်အလုံး - ရွှေအုံး ဆင်သခြယ်။

(၃) လောဟိတရောင်ခြည်တော်ဖွဲ့

၁၀။ လျှာတော်နှုတ်ခမ်း - နီမြန်းစုံညီ၊
ခြေလက်နှစ်ပါး - ဖဝါးအနီ၊
ကိုယ်တော်အသွေး - တွေးတွေးရံသီ၊
ထွက်ကွန့်မြူး - ခက်ပန်း ခိုင်နှင်းဆီ။


၁၁။ ပတ္တမြားကြီး - နေမီးတူပြိုင်၊
နီထွေးရောင်လျှမ်း - ခေါင်ရမ်းအခိုင်၊
တိမ်ပန်းတိမ်ညွန့် - လိမ်တွန့်ဆိုင်ဆိုင်၊
ရဲရဲညိ - မဏိ ကျောက်ဂူလှိုဏ်။


၁၂။ ကမ္ဗလာဖဲ - ရဲရဲရစ်ရုံ၊
ပြတာန်ဖြန့်မိုး - နီမျိုးအစုံ၊
မဏိယပ်ဆွဲ - ခတ်လွှဲသည်ပုံ၊
တိုက်ခပင်း - အလင်းပိုက်သိမ်းခြုံ။

(၄) သြဒါတရောင်ခြည်တော်ဖွဲ့

၁၃။ စွယ်တော်လေးဓာတ် - သွားမြတ်လေးဆယ်၊
ဥဏ္ဏလုံမွေး - ဖြူဖွေးအနွယ်၊
မျက်ဖြူတော်မြတ် - ရိုးဓာတ်သွယ်သွယ်၊
သြဒါတ - ဖြူဆွ လွန်စင်ကြယ်။


၁၄။ စံပယ်ကြက်ရုံး - ဇွန်ကုံးပန်းမန်၊
ဘွဲ့ဖြူပုဆိုး - ဖြန့်မိုး ပြတာန်၊
ပုလဲဆင့်လို့ - ရွဲနှင့် ဖန်မှန်၊
အရှိန်ဟပ် - စိန်လျှပ် ပုံသဏ္ဍာန်။


၁၅။ စိန်ကျောက်ခပဲ - မြှောက်ကြဲမှောက်သွန်၊
သုန်သုန်လေဖြန်း - ရေပန်းတံခွန်၊
ငွေရေယာဉ်ကြီး - ကျစီးငွေပြွန်၊
ဖြူရောင်ဖွေး - ရောထွေး လိမ်ယှက်လွန်။


၁၆။ ငွေပုဏ္ဏိန်စန်း - လနန်းယှဉ်ဆောင်၊
ယုန်ဖြူစက်ဝန်း - တက်ထွန်းသယောင်၊
နွှဲတသိမ့်သိမ့် - ငြိမ့်ငြိမ့်ပါအောင်၊
ခတ်လေငြား - ငွေသား ငွေယပ်တောင်။


၁၇။ ဘုံနယ်တလွှား - ဘော်သား ဘော်ဆိုင်၊
ကြယ်စုံသောက်ရှူး - တောက်မြူးအပြိုင်၊
ဖြူရောင်ယှက်လို့ - ဘဝဂ်ဘုံတိုင်၊
ဆင့်ဆင့်ပြေး - ဖြူဖွေး ဘယ်ဆုံးနိုင်။

(၅) မဉ္ဇိဋ္ဌရောင်ခြည်တော်ဖွဲ့

၁၈။ ဆံတော်အဖျား - ဖဝါးတောင်တိုင်၊
ရွှေကိုယ်တော်လုံး - ပတ်ကုံးတပြိုင်၊
အစိတ်စိတ်မှ - ဖိတ်ဖိတ်ရောင်ဆိုင်၊
မဉ္ဇိဋ္ဌ - ထွက်ကြွ ကွန့်မြူးလှိုင်။


၁၉။ သပြေမှည့်ကြီး - အသီးရောင်ပေ၊
မိုးကြိုးရည်ကောင်း - နီမောင်းသလေ၊
ခရမ်းရင့်ရင် - ပန်းပွင့်ပုံနေ၊
ရှုမညောင်း - ရောင်မောင်း လျှံကွန့်ဝေ။

(၆) ပဘဿရရောင်ခြည်တော်ဖွဲ့

၂၀။ နီတွေးနုထွား - ဖဝါးတော်စုံ၊
ရောင်လျှံတော်ဆုံး - ကိုယ်လုံးအကုန်၊
အစိတ်စိတ်မှ - ဖိတ်ဖိတ်ရောင်ဟုန်၊
ပြိုးပြိုးပြက် - မြန်းထွက်လေကြပုံ။


၂၁။ ဆေးစုံစပ်နှော - မြတ်သောရောင်ရှိန်၊
မီးပန်းလျှပ်ပန်း - နတ်နန်းဝတိံ၊
ဥက္ကာကြယ်ကြီး - ညီးညီးထိန်ထိန်၊
နေရောင်ယှက် - ဒေါင်းကွက် ရတီစိန်။


၂၂။ ယိမ်းတနွဲ့နွဲ့ - စိမ်းလဲ့ဝါရောင်၊
ပန်းစုံဆင်နွှဲ - လွှင့်ကြဲသယောင်၊
မိလ္လာဆန်းတဲ့ - တိမ်ပန်းတိမ်တောင်၊
လက်လက်လျှမ်း - ပြက်သန်း နေသောင်းထောင်။

ရောင်ခြည်ခြောက်ပါး ကွန့်မြူးဟန်


၂၃။ ခြောက်ဖြာလူးလွန့် - မြူးကွန့်ရောင်ဝေ၊
ကျောက်မျိုးစိန်မျိုး - မှိန်ညှိုးသလေ၊
ဘုံ ဗြဟ္မာ နတ် - ပြာသာဒ်ဆောင်တွေ၊
ထွန်းနိုင်ပဲ - ပြာမွဲ မှောင်ရချေ။


၂၄။ မြရောင်စိန်ရော - မှိန်သောရောင်ခြည်၊
နေဝန်းလဝန်း - ပ ထွန်းမကြည်၊
ဗြဟ္မာဂိုဏ်းနှင့် - နတ်တိုင်းရွှေပြည်၊
နေရောင်ဖုံး - ပိုးစုန်း တူကြသည်။


၂၅။ လောကဓာတ်လုံး - မဆုံးနိုင်ပေါင်၊
ဒိသာဆယ်ခန်း - ကြွမြန်းအရောင်၊
မြေထု, ရေထု - လေထု ကုန်အောင်၊
ဆင့်ဆင့်စွဲ - တင့်ကဲ ထိန်တောက်လောင်။


၂၆။ ပဋ္ဌာန်းသိမ်မွေ့ - ရှိန်ငွေ့တော်ပင်၊
ခြောက်ဆူရောင်ဖြိုး - တန်ခိုးအရှင်၊
ဆဗ္ဗဏ္ဏဟု - မည်ရကျော်ထင်၊
ဦးညွတ်တွား - ဘုရားမြတ်သခင်။


၂၇။ ကြည်ညိုလေးမြတ် - ရေးစပ်နှိုင်ချိန်၊
လယ်တီပဏ္ဍိ - ကဝိကဝိန်၊
သဒ္ဓါပွားလို့ - နာကြားမြိန်မြိန်၊
ရွတ်ဆိုရေး - လှူပေး ဉာဏ်စက်ရှိန်။


ရောင်ခြည်တော် ခြောက်သွယ်ဖွင့်

ရှစ်လုံးဖွဲ့ကဗျာများပြီး၏။


ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏

ခုနစ်နေ့ဘုရားရှိခိုး


သန္ဓေတော်ယူသောနေ့

() ၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊၊ (ကြာသပတေးနေ့)

ဖွားမြင်တော်မူသောနေ့

(သိ) ၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗဏီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် … နတ်လူ အောင်မြို့ လမ်းပါကို၊၊ (သောကြာနေ့)

တောထွက်တော်မူသောနေ့


(ကြ) ၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံး နှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေ စိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည် … စုံမြိုင်ပင်ရိပ် ခန်းမှာ ကို။ (တနင်္လာနေ့)

ဘုရားဖြစ်တော်မူသောနေ့


(လျှင်) ၄။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန် မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည် … သုံးဖေါ်လူတို့ ငြမ်းပါကို၊၊ (ဗုဒ္ဓဟူးနေ့)

ဓမ္မစကြာဟောတော်မူသောနေ့


(တွေး) ၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အ ပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့် မြွက်ထွေပြား၊ ဟောဖော်ကြားသည် … တရားနတ်စည် ရွမ်းတယ်ကို၊၊ (စနေနေ့)

ပရိနိဗ္ဗာန်စံတော်မူသောနေ့


() ၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆဲ့ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆဲ့ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် … ဝှန်းဆူ သောင်းလုံး ကျော်တယ်ကို ၊၊ (အင်္ဂါနေ့)

တေဇောဓာတ်လောင်တော်မူသောနေ့


(ဦး) ၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊ လျှံတက်ကော် ရော်၊ မီးပူဇော်သည် … မွေတော်ရှစ်စိတ် ကြွင်းတယ်ကို၊၊ (တနင်္ဂနွေနေ့)

ဆုတောင်း


** ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ် တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည် … ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။



ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏

သတ္တဌာနဘုရားရှိခိုး


ပလ္လင်္ကသတ္တာဟ

(၁) ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည် …. ဘုန်းကြွယ်လက်ဦး ပွဲပေကို။

အနိမိသသတ္တာဟ

(၂) နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည် …..ကြည်လင်ညွတ် နူး ဖွယ်ပေကို။

စင်္ကမသတ္တာဟ

(၃) သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည် ….. တရားဆင်ခြင် လျက်ပေကို။

ရတနာဃရသတ္တာဟ

(၄) လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့ လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည် ….. ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

အဇပါလသတ္တာဟ

(၅) ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ် ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည် ….. ရိုသေမြတ်နိုး ဖွယ်ပေကို။

မုဉ္စလိန္ဒသတ္တာဟ

(၆) ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့် လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ် နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာ မိုးသည် ….. ရှေးကျိုးသမ္ဘာတော်ကြောင့်ကို။

ရာဇာယတနသတ္တာဟ

(၇) ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ် တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည် ….. ကြီးမားဉာဏ်တော် ဖွင့်လို့ကို။


** ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန် ရှိခိုးသည် ….. ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။



ကျေးဇူးရှင် ဒီပဲရင်းဆရာတော်ဘုရားကြီး၏


မေတ္တာ အာသီသ


၁။ ပရေသံ ဟိတ မိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော။
နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။

အဟံ = ငါသည်၊ ပရေသံ = သူတစ်ပါးတို့၏၊ ဟိတံ = အကျိုးစီးပွားကို၊ ဣစ္ဆေယျံ = လိုလားနှစ်သက် ဆောင် ရွက်နိုင်ရပါလို၏၊ ပရော စ = သူတစ်ပါးသည်လည်း၊ မေ = ငါ၏၊ ဟိတံ = အကျိုးစီးပွားကို၊ ဣစ္ဆိတံ -ဣစ္ဆတု = လိုလားနှစ်သက် ဆောင်ရွက်ပါစေသတည်း၊ အဟံ = ငါသည်၊ အညဿ = သူတစ်ပါး၏၊ ဒုက္ခံ = ကိုယ်စိတ် နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို၊ န ဣစ္ဆေယျံ = မလိုလား မနှစ်သက်ပါရစေလင့်၊ ပရော စ = သူတစ်ပါး ကလည်း၊ မေ = ငါ၏၊ ဒုက္ခံ = ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို၊ မာ ဣစ္ဆတု = မလိုလား မနှစ်သက် မဆောင်ရွက် ပါစေသတည်း။


၂။ န ဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော။
န စ ဘဝေ အဟံ ဝေရီ၊ မာ ဝေရီ ဟောတု မေ ပရော။

အဟံ = ငါသည်၊ ပရံ ပါဏံ = တစ်ခြာတစ်ပါး သတ္တ၀ါများကို၊ န ဟိံသေယျံ = မညှဉ်းဆဲ မနှိပ်စက်ရပါလို၊ ပရော စ = သူတစ်ပါးကလည်း၊ မံ = ငါ့ကို၊ မာ ဝိဟေသတံ = မညှဉ်းဆဲ မနှိပ်စက်ပါစေတသည်း၊ အဟံ = ငါသည်၊ ပရဿ = သူတစ်ပါး၏၊ ဝေရံ = ရန်သူသည်၊ န ဘဝေ = မဖြစ်ရပါလို၊ ပရော စ = သူတစ်ပါးက လည်း၊ မေ = ငါ၏၊ ဝေရီ = ရန်သူသညိ၊ မာ ဘဝေ = မဖြစ်ပါစေသတည်း။


၃။ ကုမ္မဂ္ဂဉ္စ ဝိဝဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။
ဝင်္ကဉ္စာဟံ ဝိဝဇ္ဇော၊ ဥဇုံ သုမဂ္ဂကော ဘဝေ။


သဗ္ဗေ = အလုံးစုံကုန်သော၊ ပါဏိနော = သတ္တဝါအပေါင်းတို့သည်၊ ကုမ္မဂ္ဂံ = လမ်းမှား ခရီးမှားကို၊ ဝိဝဇ္ဇေတွာ = ရှောင်ရှား ဖယ်ကြဉ်၍၊ သုမဂ္ဂံ = နည်းမှန် လမ်းမှန် ခရီးမှန်ကို၊ ဥဇုံ = ဖြောင့်ဖြောင့် မတ်မတ်၊ ယန္တု = လိုက် သွားနိုင်ကြပါစေကုန်သတည်း၊ အဟဉ္စ = ငါသည်လည်း၊ ဝင်္ကံ = လမ်းကောက် လမ်းညစ်ကို၊ ဝိဝဇ္ဇေတွာ = ရှောင်ရှား၍၊ ဥဇုံ = ဖြောင့်ဖြောင့်မတ်မတ်၊ သမဂ္ဂကော = ကောင်းသော လမ်းမှန်ကို လိုက်သွား နိုင်သူသည်၊ ဘဝေ = ဖြစ်ရပါစေသတည်း။


မေတ္တာပို့ ဂါထာတော်


ပဇာ သဗ္ဗာ သုဿယန္တု၊ ဝုဋ္ဌဟန္တု သုမင်္ဂလာ။
ဒူသေန္တု ဒုဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗပါရမိံ။

ပဇာ သဗ္ဗာ = ကိုယ်စီ ကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာ သတ္တဝါဟူမျှတို့သည်၊ သုဿယန္တု = အိပ်မက်ရာ မက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်တော်မူနိုင်ကြပါစေသတည်း၊ သုမင်္ဂလာ = မင်္ဂလာကျက် သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဋ္ဌဟန္တု = ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက် နိုးကြားနိုင်ကြပါစေကုန်သတည်း၊ ဒုဂတိံ ဂါမိံ၊ = အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ် ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု = သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြ ပါစေကုန်သတည်း၊ သဗ္ဗပါရမိံ = အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို၊ ပူရေန္တု = တစ် ဆင့်ထက်တစ်ဆင့် ရင့်ထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေ ကုန်သတည်း။ (အရှင်ဇနကာ ဘိဝံသ)


ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

ဒုက္ခပ္ပတ္တာ = ဆင်းရဲဒုက္ခ ရောက်နေကြကုန်သော၊ သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော၊ ပါဏိနော = တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတဝ၀ါအများတို့သည်၊ နိဒ္ဒုက္ခာ စ = ဆင်းရဲဒုက္ခ ကင်း ဝေးကြကုန်သည်လည်း၊ ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း၊ ဘယပ္ပတ္တာ = ကြောက်လန့်မအေး ဘေးနှင့် ရင် ဆိုင်တွေ့နေကြကုန်သော၊ သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော၊ ပါဏိနော = တိုင်းသူ ပြည် သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည်၊ နိဗ္ဘယာ စ = ကြောက်လန့်ကင်းကွာ ဘေးဘယာ မရှိကြကုန် သည်လည်း၊ ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း၊ သောကပ္ပတ္တာ = စိုးရိမ်ကြောင့်ကြ ဗျာပါရသို့ ရောက်၍နေ ကြကုန်သော၊ သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော၊ ပါဏိနော = တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည်၊ နိေဿာကာ စ = ကြောင့်ကြမဲ့လျှင်း စိုးရိမ်ခြင်း မရှိကြကုန်သည်၊ ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း။

နတ်ပို့ အမျှဝေ ဂါထာတော်


ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

ဧတ္တာဝတာ စ = သဒ္ဓါ စေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက် ဝေစေကြောင်းဖြစ်သော ဤမဟာပဋ္ဌာန်း ပရိတ်တရားတော်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်၍ မြတ်စွာဘုရားကို ပူ ဇော်ခြင်းဖြင့်၊ အမှေဟိ = အကျွန်ုပ်တို့သည်။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ = အလုံးစုံန်သော စည်းစိမ်ချမ်းသာ မင်္ဂလာ ကျက်သရေတို့နှင့် ပြည့်စုံပါစေခြင်းငှါ၊ သမ္ဘတံ = ကောင်းစွာမပြတ် ဆည်းပူးအပ်သော၊ ပုညသမ္ပဒံ = ဖြူစင် သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ ပြည့်စုံခြင်းကို၊ သဗ္ဗေ = ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊ ဒေဝါ = ကြွလာ သောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊ အနုမောဒန္တု = ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေကုန်သ တည်း။


ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။

ဒါနံ = ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊ သဒ္ဓါယ = ကံ, ကံ၏အကျိုးကို ယုံကြည်လျက်၊ ဒဒန္တု = ဘဝ ဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း၊ သဗ္ဗဒါ = နေ့ရောညဥ့်ပါ ဘယ်ခါမဆို၊ သီလံ = မကျိုးမပေါက် စာရိတ္တ,ဝါရိတ္တ မြတ်သီလကို၊ ရက္ခန္တု = စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေကုန်သ တည်း၊ ဘာဝနာဘိရတာ = သမထ, ဝိပဿနာဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက် စီးဖြန်းမွေ့လျော်ကြကုန် သည်၊ ဟောန္တု = ဖြစ်ကြပါစေကုန်သတည်း၊ အာဂတာ = စကြာဝဠာ ကမ္ဘာလောကဓာတ် အရပ်ရပ်မှာ ဆိုက် ကပ်ညီညာ ရောက်လာကြကုန်သော၊ ဒေဝါ = နတ်ဗြဟ္မာ အပေါင်းတို့သည်၊ ဂစ္ဆန္တု = သာာဓု အနုမောဒနာ ဝမ်း မြောက်စွာလျှင် နှုတ်လျှာသံညီး ပြုပြီးလေဘိ မိမိတို့ နေရာ ပျော်ဖွယ်ရာရိပ်ခန်း ဘုံဗိမာန်နန်းသို့ ကြွမြန်း တော်မူကြပါစေကုန်သတည်း။

၃၁-ဘုံသားတို့အား အမျှဝေ ဂါထာတော်


ပုညဘာဂံ မိမံ စညံ၊ သမံ ဒဒါမ ကာရိတံ။
အနုမောဒန္တု တံ သဗ္ဗေ၊ မေဒိနီ ဌာတု သက္ခိကေ။

အမှေဟိ = အကျွန်ုပ်တို့သည်၊ ကာရိတံ = စေတနာကွန့်မြူး သဒ္ဓါထူးဖြင့် ဆည်းပူးပြုလုပ်အပ်သော၊ ဣမဉ္စ ပုညဘာဂံ = ဤမဟာပဋ္ဌာန်း ပရိတ်တရားတော်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်၍ မြတ်စွာဘုရားအား လေးစားကော် ရော် ပူဇော်ခြင်းဟူသော ဤကုသိုလ်ကောင်းမှု၏ အဖို့အစုကိုလည်းကောင်း၊ အညဉ္စ ပုညဘာဂံ = ထိုမှတစ်ဖြာ သင့်လျော်သောအခါ၌ ကောင်းစွာပြုစု ကုသိုလ်ကောင်းမှု၏ အဖို့အစုကိုလည်းကောင်း၊ သဗ္ဗေသံ = လူနတ် ဗြဟ္မာ သတ္တဝါမကြွင်း ခပင်းဥဿုံ အလုံးစုံတို့သည်၊ တံ ပုညဘာဂံ = အကျွန်ုပ်တို့ ပေးဝေအပ်သော ထိုကုသိုလ် ကောင်းမှု အဖို့အစုကို၊ အနုမောဒန္တု = ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေကုန်သတည်း၊ မေဒိနီ = ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည်၊ အမှာကံ = အကျွန်ုပ်တို့၏၊ု သက္ခိကေ = ကာလ ရှည်လျား မေ့လျော့ငြားလည်း ပြောကြားပါစေ သက်သေအရာ၌၊ ဌာတု = ဧယင်ပုခက် အိုးထိန်းစက်သို့ သွက် သွက်လှုပ်ကာ ထံခွင်သာဝယ် တည်လှာရပ်တန့်ပါစေသတည်း။


အမျှဝေလင်္ကာ


ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသည့်၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင် တို့အား၊ ရငြားပါစေ၊ အမျှဝေ၏၊ မသွေနိစ္စ၊ ဤကာယကို။ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေ ရ၊ ပေးဝေငှ၏၊ မိတ္တဆွေညာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ ပေးငှဝေ၏၊ သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တ တွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊ ဘုံးကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ် သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏၊ ထိုကုသလ၊ ဤပုညကို၊ အမျှရကြ သည်ဖြစ်စေသော်။


ဝသုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်။



အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။ (၃ ခေါက်)


သာဓု သာဓု သာဓု။ (၃ ခေါက်)


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ (၃ ခေါက်)


ဗုဒ္ဓသာသနံ = မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ပရိယတ္တိသာသနာတော်, ပဋိပတ္တိ သာသနာတော်, ပဋိဝေဓသာသနာတော်ဟု ဆိုအပ်သော သာသနာတော်မြတ်သုံးရပ်သည်၊ စိရံ = အနှစ်မြားမြောင် ကာလကြာ အောင်၊ တိဋ္ဌတု = အရှည်ခံ့၍ တည်တံ့တော်မူပါစေသတည်း။


ရွှေတိဂုံ မဟာပဋ္ဌာန်း ပြီး၏။



မှတ်ချက်။ ။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ဆီအက်တယ်လ်မြို့၊ လင်းဝတ်ဒ်မြို့နယ်၊ 3510 122nd PL SW, Lynnwood, WA 98087, U.S.A. ရှိ မဟာစည်ရိပ်သာကျောင်း၌ (October 14, 2008)အင်္ဂါနေ့တွင် စာရေးသူ ဦးဆောင်၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ကို ကျင်းပခဲ့ ပါသည်။ ထိုနေ့တွင် စာရေးသူနှင်တကွ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများ စုပေါင်း၍ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ စသည်တို့ကို ရွတ်ဖတ် ပူဇော်ခဲ့ကြပါသည်။ ထိုနေ့အတွက် အမှတ်တရ အဖြစ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်ပါသည်။

ညောင်ကန်အေး ဦးပရမ

(မလေးရှား၊ ညောင်ကန်အေးကျောင်း)

ခေတ္တ

အမေရိကန်နိုင်ငံ။


Sunday, December 7, 2008

ဘိုကလေးမြို-တိုးလှရွာ နာဂစ်မှတ်တမ်း(၁၀)

ဆရာတော် ဦးပရမ (မလေးရှား၊ ညောင်ကန်အေးကျောင်း) ဦးဆောင်၍ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပက်ပြဲကျေးရွာအုပ်စု၊ နာဂစ် မုန်တိုင်းဘေးဒဏ်ခံရသော တိုးလှရွာသူ ရွာသားများအား ထောက်ပံ့လှူဒါန်းခဲ့သော မှတ်တမ်းဓာတ်ပုံများ(၁၀) (၀၂-၀၇-၂၀၀၇)





ဘိုကလေးမြို့-တိုးလှရွာ နာဂစ် မှတ်တမ်း(၉)

ဆရာတော် ဦးပရမ (မလေးရှား၊ ညောင်ကန်အေးကျောင်း) ဦးဆောင်၍ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပက်ပြဲကျေးရွာအုပ်စု၊ နာဂစ် မုန်တိုင်းဘေးဒဏ်ခံရသော တိုးလှရွာသူ ရွာသားများအား ထောက်ပံ့လှူဒါန်းခဲ့သော မှတ်တမ်းဓာတ်ပုံများ(၉) (၀၂-၀၇-၂၀၀၇)





ဘိုကလေးမြို့-တိုးလှရွာ နာဂစ် မှတ်တမ်း(၈)

ဆရာတော် ဦးပရမ (မလေးရှား၊ ညောင်ကန်အေးကျောင်း) ဦးဆောင်၍ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပက်ပြဲကျေးရွာအုပ်စု၊ နာဂစ် မုန်တိုင်းဘေးဒဏ်ခံရသော တိုးလှရွာသူ ရွာသားများအား ထောက်ပံ့လှူဒါန်းခဲ့သော မှတ်တမ်းဓာတ်ပုံများ(၈) (၀၂-၀၇-၂၀၀၇)





ဘိုကလေးမြို့- တိုးလှရွာ နာဂစ် မှတ်တမ်း(၇)

ဆရာတော် ဦးပရမ (မလေးရှား၊ ညောင်ကန်အေးကျောင်း) ဦးဆောင်၍ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပက်ပြဲကျေးရွာအုပ်စု၊ နာဂစ် မုန်တိုင်းဘေးဒဏ်ခံရသော တိုးလှရွာသူ ရွာသားများအား ထောက်ပံ့လှူဒါန်းခဲ့သော မှတ်တမ်းဓာတ်ပုံများ(၇) (၀၂-၀၇-၂၀၀၇)





ဘိုကလေးမြို့- တိုးလှရွာ နာဂစ် မှတ်တမ်း(၆)

ဆရာတော် ဦးပရမ (မလေးရှား၊ ညောင်ကန်အေးကျောင်း) ဦးဆောင်၍ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပက်ပြဲကျေးရွာအုပ်စု၊ နာဂစ် မုန်တိုင်းဘေးဒဏ်ခံရသော တိုးလှရွာသူ ရွာသားများအား ထောက်ပံ့လှူဒါန်းခဲ့သော မှတ်တမ်းဓာတ်ပုံများ(၆) (၀၂-၀၇-၂၀၀၇)